ကောင်းကင်တမန်/ခုနစ်ပါး/နှင့် ဘေးဒဏ်/ခုနစ်မျိုး
15
ထို့နောက် ကောင်းကင်ဘုံ/၌ အံ့ဖွယ်/နိမိတ်/လက္ခဏာ/ကြီး/တစ်ခု/ကို မြင်ရ၏။ ကောင်းကင်တမန်/ခုနစ်ပါး/သည် နောက်ဆုံး/ဘေးဒဏ်/ခုနစ်ပါး ကိုင်ဆောင်/ထားသည်/ကို ကျွန်ုပ်/မြင်ရ၏။ ထို/ဘေးဒဏ်တို့/ဖြစ်ပျက်/ပြီးနောက် ဘုရားသခင်/၏ အမျက်တော်/အဆုံးသတ်မည်/ဖြစ်/သောကြောင့် နောက်ဆုံး/ဘေးဒဏ်/ဟု ဆိုရ၏။ 2 ထို့ပြင် မီး/နှင့်/ရောသည့် ဖန်/ပင်လယ်/နှင့် တူသော/အရာ/ကို ကျွန်ုပ်/မြင်ရပြန်၏။ သားရဲ/ကို/လည်းကောင်း၊ သူ/၏ ရုပ်တု/ကို/လည်းကောင်း၊ သူ/၏ အမည်/ကို ကိုယ်စားပြုသော/ကိန်းဂဏန်း/ကို/လည်းကောင်း အောင်နိုင်သော/သူတို့/သည် ဘုရားသခင် ပေးအပ်သော စောင်း/ကို ကိုင်ဆောင်/၍ ထို/ဖန်ပင်လယ်/ဘေးတွင် ရပ်နေကြ၏။ 3 ထို/သူတို့/သည် ဘုရားသခင်/၏ အစေခံ/မောရှေ/၏/သီချင်း/နှင့် သိုးသငယ်တော်/၏ သီချင်း/ကို သီဆိုနေကြ၏။ ထို/သီချင်း/မှာ“အို အနန္တ/တန်ခိုးရှင် ဘုရားသခင်…
ကိုယ်တော်/၏ လုပ်ဆောင်မှုတို့/သည် ကြီးမြတ်/၍ အံ့ဖွယ်/ဖြစ်ပါ၏။
အို လူမျိုး/အပေါင်းတို့/၏ ဘုရင်…
ကိုယ်တော်/၏ နည်းလမ်းတို့/သည် တရားမျှတ/၍ မှန်ကန်ပါ၏။
4 အို ထာဝရဘုရား… ကိုယ်တော်/ကို မကြောက်ရွံ့သောသူ၊ ကိုယ်တော်/၏ နာမတော်/ကို မချီးမွမ်းသောသူ/ဟူ၍ ရှိပါမည်လော။
ကိုယ်တော်/တစ်ပါးတည်း/သာ သန့်ရှင်းတော်မူ၏။
ကိုယ်တော်/၏ ဖြောင့်မတ်သော/လုပ်ဆောင်မှုတို့/သည် ပေါ်လွင်/ထင်ရှား/သောကြောင့်
လူမျိုး/အပေါင်းတို့/သည် ကိုယ်တော်/၏ ရှေ့တော်/သို့ လာ/၍ ကိုးကွယ်ကြ/လိမ့်မည်”
ဟူ၍ ဖြစ်၏။
5 ထို့နောက် ကျွန်ုပ်/ကြည့်လိုက်/ရာ ကောင်းကင်ဘုံ/ရှိ သက်သေခံချက်/ပါသည့် တဲတော်/ဖြစ်သော/ဗိမာန်တော်/သည် ပွင့်နေသည်/ကို မြင်ရ၏။ 6 ထို/ဗိမာန်တော်/ထဲမှ ဘေးဒဏ်/ခုနစ်ပါး/ကို ကိုင်ဆောင်/ထားသည့် ကောင်းကင်တမန်/ခုနစ်ပါး/ထွက်လာ၏။ သူတို့/သည် သန့်ရှင်း/တောက်ပြောင်သော ပိတ်ချောထည်/ကို ဝတ်ဆင်/၍ ရင်ဘတ်/ပေါ်တွင် ရွှေ/ရင်စည်း/ကို ပတ်ထား၏။ 7 သတ္တဝါ/လေးပါး/အနက် တစ်ပါး/သည် အစဉ်/ထာဝရ အသက်ရှင်တော်မူသည့် ဘုရားသခင်/၏ အမျက်တော်/နှင့်/ပြည့်နေသော ရွှေဖလား/ခုနစ်လုံး/ကို ကောင်းကင်တမန်/ခုနှစ်ပါး/အား တစ်လုံးစီ ပေး၏။ 8 ဗိမာန်တော်/သည်လည်း ဘုရားသခင်/၏ ဘုန်းအသရေ/နှင့် တန်ခိုးတော်/တို့/၏ အခိုးအငွေ့များ/ဖြင့် ပြည့်နှက်နေ၏။ ကောင်းကင်တမန်/ခုနှစ်ပါးတို့/၏ ဘေးဒဏ်/ခုနစ်ပါး မပြီးဆုံးမီ/အထိ ဗိမာန်တော်/ထဲသို့ မည်သူ/မျှ မဝင်ကြရ။